



ဇွန်နှင့် ဇူလိုင်အတွက်အလှူငွေများကို နာဂစ်အလှူငွေနှင့်ပေါင်းပြီး နာဂစ်လေဘေးဒုက္ခသည်များထံ သွားရောက်လှူဒါန်းခဲ့ပါသည်။ ပုံကြီးမြင်ရန် နှင့် download လုပ်ရန် ပုံပေါ်တွင် click နှိပ်ပါ။
“စနေဓမ္မမိတ်ဆွေများအဖွဲ့” ကို ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ သူငယ်ချင်းများစုစည်းပြီး အလှူငွေထည့်ဝင်ကာ ၂၀၀၁ ဒီဇင်ဘာလတွင် ပထမဦးဆုံး စတင် လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း၌ ရှိသော ဆင်းရဲချို့တဲ့သည့်နေရာများတွင် လိုအပ်လျှက်ရှိသည်တို့ကို လှူဒါန်းရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို - http://www.scribd.com/doc/1023704/Sanay-Dhamma-Friends-Activity-Records-Preface တွင် ဖတ်ရှုနိုင်ပါသည်။





