Tuesday, December 14, 2010

စနေဓမ္မမိတ်ဆွေများအဖွဲ့ ၏ ဆောင်ရွက်မှုမှတ်တမ်း ဗီစီဒီ

စနေဓမ္မမိတ်ဆွေများအဖွဲ့ ၏ ဆောင်ရွက်မှုမှတ်တမ်း ဗီစီဒီ အမှတ် (၁)


စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်း ဗီစီဒီ အမှတ် (၂)


စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်း ဗီစီဒီ အမှတ် (၃)


စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်း ဗီစီဒီ အမှတ် (၄)

Monday, December 6, 2010

ကိုးနှစ်ပြည့်ရေစက်ချပွဲ

ကိုးနှစ်ပြည့်ရေစက်ချပွဲ -

ကိုးနှစ်ပြည့်ရေစက်ချပွဲကို ဇန္န၀ါရီလ (၂) ရက်၊ ၂၀၁၁ တွင် ပြုလုပ်မည် မှန်းထားပါသည်။
အတည်ဖြစ်လျှင် အားလုံးကို အကြောင်းကြားပါမည်။
မိမိတို့ကုသိုလ်ကိုလည်း သာဓုခေါ်ရင်း၊
မိတ်ဆွေများလည်း ပြန်လည်ဆုံတွေ့ကြရင်း၊
ပျော်ပျော်ပါးပါးလည်း စားကြသောက်ကြရင်း - - - -


Friday, September 10, 2010

မှော်ဘီမြို့ မရမ်းချောင်းအနာကြီးရောဂါသည် စောင့်ရှောက်ရေးစခန်း

စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ၂၀၁၀ ခုနှစ် မတ်လ ကောက်ခံရရှိငွေများကို မှော်ဘီမြို့ရှိ မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးစခန်းသို့ လှူဒါန်းခဲ့သည်။













ကမ္ဘောဇသိင်္ဂီ သီလရှင်သင်ပညာရေး မူလွန်ကျောင်း

မူဆယ်မြို့ မိုင်းယု(၁၀၅)မိုင်ကျေးရွာ
ကမ္ဘောဇသိင်္ဂီ သီလရှင်သင်ပညာရေး မူလွန်ကျောင်း


တည်ထောင်သူကျောင်းအုပ်

ဒေါ်ဝဏ္ဏသိင်္ဂီ
အစိုးရ ပါဠိပထမပြန်စာမေးပွဲ၊ ပထမကြီးတန်း
B.A (မြန်မာစာ) ဘွဲ့

၂၀၀၀ ခုနှစ်တွင် ယခု လက်ရှီနေရာတွင် ကမ္ဘောဇသိင်္ဂီအမှတ်(၁)သီလရှင်ပညာရေးကျောင်းကို စတင် တည်ထောင်ကာ ကျောင်းအုပ်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၂၀၁၀ခုနှစ်၊ဇန်န၀ါရီလ (၄)ရက်နေံတွင် နိုင်ငံ့တော်မှဆပ်ကပ်လှူဒါန်းသော သဒ္ဒမ္မဇောတိကဓဇ သာသနာပြုဘွဲ့တံဆိပ်တော် ခံယူရရှိခဲ့သည်။ ယခု နယ်စပ်ဒေသတောင်တန်းသာသနာပြုလုပ်ငန်းနှင့် ကမ္ဘောဇသိင်္ဂီအမှတ်(၁)သီလရှင်ပညာရေးမူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၂၀၁၀ သြဂုတ်လ တွင် ရရှိသောစာရင်းအရ

ကျောင်းသား/သူ စုစုပေါင်း -( ၅၀၃)ဦး
စာသင်သားသီလရှင် -(၁၅၂)ပါး
စာချဆရာလေး -( ၆)ပါး
ဝေယျာဝိစ္စ -(၅)ပါး
လူဝတ်ဆရာ/ဆရာမ -(၁၄)ဦး
ကျောင်းအိပ်ကျောင်းစား -(၁၆၅)ပါး
မိဘမဲ့ -(၄၁)ပါး
အမိ(သို့) အဖရှိ -(၈၀)ပါး

ဘယ်ဒေသက ကလေးတွေလဲ

နမ့်ခမ်း၊မူဆယ်၊ နမ္မတူ၊သိန္နီ၊ကွတ်ခိုင်၊မိုင်းဝီး၊မန်စီ(ကချင်ပြည်နယ်)၊ဖားကန့်၊တောင်ငူ မှ ကလေးများ။

ဘာလူမျိုး/ဘာသာတွေလဲ

ရှမ်း၊ပလောင်၊ခိုလှုံလီရှော၊ရခိုင်၊မွန်၊ချင်း၊ဗမာ(ခရစ်ယာန်၊ဗုဒ္ဓ၊အစ္စလာမ်၊ဟိန္ဒူဘာသာဝင်များ)

ကုန်ကျစရိတ်များ

တစ်ရက် - ဆန် ၃၇ ပြည် (၂အိတ်ခန့်)။ တစ်လတွင် ဆန် အိတ် (၅၀)ခန့်ကုန်ပါသည်။
လစဉ် မူဆယ်ခရိုင်ရဲမှူးမှ ဆန်(၃)အိတ်၊ ကညန မှဆန်(၂)အိတ် ၊၁၀၅ မိုင်ဥက္ကဌမှ(၁)အိတ် လှူပါသည်။
အဖိတ်နေ့(အနီးဖိတ်)တိုင်း ၁၀၅ မိုင်ထဲတွင်အလှူခံပါသည်။ ပြည်(၃၀/၄၀)ခန့်ရပါသည်။ တစ်ခါတစ်ရံ အချို့ ဆန်လာလှူတတ်ပါသည်။ လှူသူများ၊အလှူခံခြင်းများမှ တစ်လလျှင် (၁၅)အိတ်ခန့်ရပါသည်။ ကျန်တာ ၀ယ်ရပါသည်။

ကျွေးသောအစားအစာများ


အာရုံဆွမ်း - ဆီတို့ဟူး (သို့မဟုတ်) ငါးပိကြော်၊ ဟင်းရည်တစ်မျိုးမျိုး----၂ မယ်
နေ့ဆွမ်း - အာလူး (သို့မဟုတ်) ခရမ်းသီး (သို့) ပဲပုတ်နှင့် ဟင်းရည်တစ်မျိုး----၂မယ်
ကျောင်းအိပ်ကျောင်းစား (၁၆၅) ဦးနှင့် ဆရာ/မများ(၁၄)ဦး (နေ့လည်စာ) တစ်ဦး ၅၀၀ိ/- x ၁၈၀ ဦး
အတွက် ၉၀၀၀၀ိ/- ခန့်ကုန်ကျပါသည်။
ရေဘိုး၊မီးဘိုး၊စာအုပ်ဖိုး၊ဆပ်ပြာဖိုးများကုန်ကျပါသည်။
စာအုပ်များအား (save the children) မှလည်း သူငယ်တန်းမှလေးတန်းထိ တစ်ဦးလှင်(၅)အုပ်
လှူပါသည်။ အခြားစာအုပ်အလှူရှင်အချို့ရှိသော်လည်း မလောက်သဖြင့် ၀ယ်ရပါသည်။
ဆန်ဘိုးအား အလှူရှင်များလာရောက်လှူဒါန်းသောငွေများအားစုပြီး ပေးပါသည်။
(ဆန်ဘိုးအကြွေး (၃၀)သိန်းခန့်ရှိပါသည်။ ငွေနှစ်သိန်းရှိတိုင်း ဆန်ဘိုးအကြွေးဆပ်ပါသည်။


ကျန်းမာရေး

ခရိုင်ရဲမှူးမှ ၎င်းမပြောင်းမချင်း (၁)လတစ်ကြိမ် ဆရာဝန်များအားစေလွှတ်ကာ ဆေးဖိုးလှူပါသည်။
ယခုလောလောဆယ် တုပ်ကွေး၊ ငှက်ဖျားကူးစက်ခံရသူအပါး(၆၀)ခန့်ရှိပါသည်။ တစ်ပါးနှင့်တစ်ပါး နီးကပ်စွာအိပ်ရသောကြောင့် အဖျားကူးလွယ်ခြင်းဖြစ်ပါသည်။

ပညာရေး

မူလွန်ကျောင်းဖြစ်သောကြောင့် (၈)တန်း (၉)တန်း (၁၀)တန်း ကလေးများအား မူဆယ် အထက (၂)တွင်တွဲထားပါသည်။ လူဝတ်များအား ကျောင်းအပ်ခ၊ ရေဘိုး ကောက်ခံခြင်းမရှိပါ။ (၀ါဆို၊ကထိန်၊သီတင်းကျွတ်)များတွင်သာ အလှူခံပါသည်။ ဘာသာရေး၊ ယဉ်ကျေးမှုများလည်း သင်ကြားပေးပါသည်။ နွေရာသီတွင် သီလရှင်အပါး(၆၀)အား စက်ချုပ်သင်တန်း၊ ဇာထိုးပန်းထိုး
သင်တန်းဖွင့်ပေးပါသည်။ သင်္ကြန်(၁၀)ရက်တွင် မိုးကုတ်ဝိပသနာတရားစခန်း(လူဝတ်/သီလရှင်) စာသင်သားများအားဖွင့်လှစ်ပေးပါသည်။သီတင်းကျွတ်လဆန်း(၁၂)ရက်မှ လပြည့်ကျော်(၂)ရက်နေ့အထိ
သီလရှင်များစုပေါင်း အသံမစဲ မဟာပဌာန်းပွဲများပြုလုပ်ပါသည်။ ယဉ်ကျေးမှုသင်တန်းနှင့် မဟာမင်္ဂလာတံခွန်စာမေးပွဲများလည်း ကျင်းပပေးပါသည်။

ဆင်းရဲသားများအတွက်

၁၀၅ မိုင်အတွင်းရှိ ကုန်ထမ်းအလုပ်သမားများ၏သားသမီးများ၊ အစိုးရကျောင်းများတွင် မထားနိုင်သော ကလေးများ၊အများဆုံးဖြစ်ပါသည်။

အဆောက်အဦး

ယခင်က စာသင်ဆောင်အားအိပ်ဆောင်အဖြစ်တွဲကာထားရပါသည်။ ယခု (၁၄၅)သိန်းအကုန်အကျခံကာ အိပ်ဆောင်တစ်ခုဆောင်တစ်ခု ဆောက်လုပ်ထားပြီးဖြစ်ပါသည်။
၂၀၀၀ ခုနှစ်က ထရံကာ ကတ္တရာမိုး တဲလေးဖြင့်ခဲ့ရသော ကျောင်းလေးဖြစ်ပါသည်။
ယခု ကျောင်းသားဦးရေနှင့် စာသင်ဆောင် မလုံလောက်သဖြင့် စာသင်ဆောင်အတွက်အလှူခံရာ ရှိုင်းဟုပ်ကုမ္ပဏီမှဒေါက်တာခင်ခင်ရီက ၂၀၀၉ခုနှစ်ကငွေကျပ်သိန်း(၁၀၀) မတည်ပေးသဖြင့် စာသင်ဆောင်အားစတင် ဆောက်လုပ်နိုင်ခဲ့ပါသည်။ ၁၂၀´x ၂၆´ အာစီ ၂ထပ် ဆောက်လုပ်မည်ဖြစ်ပြီး ယခု ၂၀၁၀ သြဂုတ်လအထိ (ကျောင်းဆောင်အောက်ထပ် တစ်ထပ်၊ရေကန်၊အိမ်သာ၊ ကျောက်ထုပ်) များဆောက်လုပ်ပြီး(သိန်း ၄၂၀) ကုန်ကျပြီးဖြစ်ပါသည်။)
အပေါ်ထပ်အတွက် သိန်း(၂၅၀)ခန့် ကုန်ကျမည်ဖြစ်ပြီးဒေါက်တာခင်ခင်ရီကပင် နောက်ထပ်(သိန်း၁၀၀) ထပ်မံလှူဒါန်းထားပါသည်။ မိုးကုန်လျှင် ရရှိထားသောအလှူငွေများဖြင့် ဆက်လက်ဆောက်လုပ်သွားမည် ဖြစ်ပါသည်။ ထိုအပေါ်ထပ်အတွက် အုတ် ၊ ဘိလပ်မြေ ၊သဲ ၊ ဗြုန်း ၊လက်ခ နှင့် စားပွဲ ထိုင်ခုံ အစုံ(၅၀) လိုဦးမည်ဖြစ်ပါသည်။

ပညာတတ်များ


ကျောင်းတွင်ပညာသင်ပြီး နောက် ဘွဲ့ရသီလရှင် (၅)ပါး၊ ကိုရင်(၁)ပါး၊ဦးဇင်းဘွဲ့ရ (၅)ပါး၊ ဒုတိယနှစ် - (၂)ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။

ရည်ရွယ်ချက်

နယ်စပ်ဒေသရှိဆင်းရဲသားကလေးများ၊ပညာရေး၊ကျန်းမာရေး၊သာသနာရေး၊တိုးတက်စည်ပင်ရန်၊
နယ်စပ်ဒေသကလေးငယ်တွေ ပြည်မကလို သာသနာပြုပုဂ္ဂိုလ်များပေါ်ထွန်းရန်၊ ဒီကျောင်းထွက်ကလေးများ အများအကျိုးလောကအကျိုးသာသနာ့အကျိုး၊ မိမိအကျိုး သယ်ပိုးနိုင်ရန်၊ မိဘမဲ့ ကလေးတွေရဲ့ ဘ၀လုံခြုံမှုရဖို၊မှီခိုအားထားရာဖြစ်ဖို့ တစ်ချိန်ချိန်မှာ သူတို့ဘ၀ သူတို့ရပ်တည်နီုင်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးလိုတဲ့ဆန္ဒ၊ လူတွေကို ဘာသာအနေနဲ့ မြင်တာမဟုတ်ပဲ လူအနေနဲ့ပဲမြင်တာ၊ လူလူခြင်းစာနာထောက်ထားတဲ့စိတ်နဲ့လုပ်တာ၊ ဘယ်ဘာသာမဆို လိုအပ်ရင်ကူညီပေးလိုတဲ့ စိတ်ရှိပါတယ်။

ဆရာကြီး မိန့်သောစကားများ

ဆက်သွယ်ရန်
ကျောင်းဖုန်း -၉၂၈၉၆၆၉

၁၀၅ မိုင်စခန်းသို့ သွားရောက်လှူဒါန်းစဉ်

စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ဇူလိုင်လ အလှူငွေကို ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ၁၀၅ မိုင်ကျေးရွာ ရှိ ကမ္ဘောဇသိင်္ဂီသီလရှင်သင် ပညာရေးမူလွန်ကျောင်း သို့လှူဒါန်းခဲ့ရာ အောက်ပါတို့မှာ သွားရောက်လှူဒါန်းခဲ့စဉ်က ပုံများဖြစ်ပါသည်။











Sunday, August 22, 2010

၂၀၁၀ ခုနှစ် ဧပြီလ အလှူရှင်စာရင်း

ပုံကြီးမြင်ရရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ။ Download လုပ်ရန် right click နှိပ်ပြီး save လုပ်ပါ။ အလှူရှင်အားလုံးကို ကျေးဇူးအထူးတင်ပါသည်။

Tuesday, August 17, 2010

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်းများ

ကျွန်တော် စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှု မှတ်တမ်းများ မရေးဖြစ်သည်မှာ နှစ်ပေါင်းအတော်ကြာသွားပြီ ဖြစ်ပါသည်။ အခြားကိစ္စများနှင့် လုံးခြာလည် လိုက်နေသဖြင့် စနေဓမ္မမိတ်ဆွေများအဖွဲ့ဘက်ကို အာရုံမစိုက်ဖြစ်ပါ။ အကြောင်းအပေါင်းသင့်လျှင် ပြန်ရေးရန် စုဆောင်းထားသော အချက်အလက်များတော့ ရှိပါသည်။ ခုတော့ စာအုပ်တစ်အုပ် ရေးနေသည်နှင့် မအားသေးပါ။ နောက်တော့ အချိန်ယူပြီး ရေးပါဦးမည်။
ယခု ယခင်ရေးပြီးသားများကို မဖတ်ရသေးသူများ ဖတ်လိုလျှင် ဖတ်နိုင်အောင် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်းများ အမှာစာ

Sanay Dhamma Friends Activity Records Preface

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှု မှတ်တမ်းများ အပိုင်း (၁)

Sanay Dhamma Friends Association Activity Record Part 1

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှု မှတ်တမ်းများ အပိုင်း (၂)

Sanay Dhamma Friends Activity Records Part 2

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှု မှတ်တမ်းများ အပိုင်း (၃)

Sanay Dhamma Friends Story Part 3

စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှု မှတ်တမ်းများ အပိုင်း (၄)

Sanay Dhamma Friends Activity Records Part 4

လှူဒါန်းခဲ့ပြီးသော နေရာများ အားလုံး (၂၀၀၁ မှ ၂၀၁၀ ထိ)

ပုံကြီးမြင်ရရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ။ ကျလာသောပုံပေါ်တွင် right click နှိပ်ပြီး save လုပ်ပါ။
ဆက်လက် update လုပ်သွားပါမည်။





အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

Donation List for the Month of May and June 2010




Sunday, July 25, 2010

Sanay Dhamma 7 and 8th Anny Palmflat

ပုံကြီးမြင်ရရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ။ ထိုပုံပေါ်တွင် right click ကလစ်နှိပ်ပြီး download လုပ်ယူနိုင်ပါသည်။






2010 Donation List