Sunday, October 7, 2012

တတိယအကြိမ်၊ စုပေါင်းမြွေဆိပ်ဖြေဆေး လှူဒါန်းပွဲအတွက် အလှူငွေပေးအပ်ပွဲ


နေ့ရက်။              ။ ၇၊ ၁၀၊ ၂၀၁၂ (တနင်္ဂနွေ)
အချိန်။               ။ နေ့လည် ၃ နာရီမှ ၄း၃၀ နာရီ
နေရာ။                ။ Blk 663D, Jurong West St. 65,
                          #15-233, Singapore 644663

တက်ရောက်လာသူများ
စဉ်
အမည်
မစုလှိုင်သန်း
ကိုစန်းဌေး
ကိုနွယ်ဝင်း
ကိုမင်းမင်း
ကိုယာမိုးလွင်
ကိုဇော်မင်းထွန်း
မဖြူနှင်းဝေ
ကိုဝင်းမင်းထွန်း
မဖြူဖြူသက်
၁၀
ကိုဇေယျာဦး
၁၁
ကိုမင်းမင်းဦး
၁၂
ကိုခင်မောင်စိုး
၁၃
ကိုစိုးသိန်း
၁၄
ဦးစိုးဝင်း
၁၅
ကိုအောင်မိုး+မလွင်လွင်မိုး မိသားစု
၁၆
မနှင်းဝတ်ရည်
၁၇
မနီနီအောင်
၁၈
ကိုထွန်းအောင်ကျော်
၁၉
ကိုဇေယျကြည်ဝင်း
၂၀
ဦးချစ်ရွှေ
၂၁
ဦးဝင်းမောင်
၂၂
ကိုသောင်းတန်
၂၃
ဦးအေးငြိမ်း

ဆွေးနွေးချက်များ

 
၁။ ပထမဦးစွာ ဦးအေးငြိမ်းမှ ယနေ့ပွဲမှာ ၉၊ ၉၊ ၂၀၁၂ နေ့က ပြုလုပ်ခဲ့သော စည်းဝေးပွဲတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း တတိယအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် အလှူငွေများကို ပေးအပ်ရန် ဖြစ်ကြောင်း၊ အမှန်ဆိုရလျှင် မြွေဆိပ်ဖြေဆေး လှူဒါန်းခဲ့သည်မှာ ၄ ကြိမ်ရှိပြီဖြစ်သော်လည်း ပထမဦးဆုံးအကြိမ်မှာ စနေဓမ္မမိတ်ဆွေများတစ်ဖွဲ့သာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ စင်ကာပူရောက် မြန်မာ ပရဟိတအဖွဲ့များ စုပေါင်းလှူဒါန်းသည်မှာ ယခု တတိယအကြိမ်ဖြစ်ကြောင်း စသည်များ ရှင်းပြပါသည်။

 
၂။ ထို့နောက် ဦးအေးငြိမ်းမှပင်ဆက်လက်၍ အဘယ်ကြောင့်မြွေဆိပ်ဖြေဆေးလှူဒါန်းရသည်၊ မည်သည့်ဒေသများတွင် မြွေအကိုက် များသည်၊ မြွေဆိပ်ဖြေဆေးကို မည်ကဲ့သို့ရယူသည်၊ မည်ကဲ့သို့ အခက်အခဲများရှိသည်၊ မြေဆိပ်ဖြေဆေး လှူဒါန်းရာတွင် အဂတိ လိုက်စားမှုများမဖြစ်စေရန်၊ တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်ထားသည်၊ ဆေးထိရောက်မှု အခြေအနေ၊ အသက်ကယ်နိုင်သည့် အခြေအနေ စသည်တို့ကို အကျဉ်းရုံးရှင်းပြပါသည်။

 
၃။ ထို့နောက် ၎င်းကဆက်လက်၍ မြန်မာပြည်ဘက်မှ ကိုစိုးသိန်း၊ ကိုကျော်ဇော၊ ကိုကျော်ဝဏ္ဏ၊ မယမင်း၊ မသိင်္ဂီတို့ လုပ်ကိုင် ဆောင်ရွက်နေပုံများကို ၎င်းတို့ပို့ထားသော အီးမေးများ၊ ဓါတ်ပုံနှင့် သူတို့သွားရောက် ဆောင်ရွက်သည့် ဒေသများမှ ဆရာဝန်ကြီး၏ ရှင်းလင်းပြောပြနေပုံများကို ဗီဒီယိုများဖြင့် ပြသ၊ ရှင်းပြပါသည်။ ယခုလောလောဆယ် မြွေဆိပ်ဖြေဆေး အလှူခံထားသော ဒေသများ မှာ စုစုပေါင်း နေရာ ၆၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မြွေဆိပ်ဖြေဆေးကို စုပေါင်း လှူဒါန်းရခြင်းအကြောင်းများ ရှင်းပြပါသည်။ မြန်မာပြည်တွင် မြွေဆိပ်ဖြေဆေးဝယ်ရန် အခက်အခဲရှိသဖြင့် ရသမျှ အလှူငွေများကို အသုတ်လိုက်၊ အသုတ်လိုက် ပို့ပေးကာ ရန်ကုန်အဖွဲ့က ရသမျှ ဆေးဝယ်ထားမည် ဖြစ်ပါသည်။

 
၎။ ထို့နောက် တက်ရောက်လာသော အဖွဲ့များမှ မြွေဆိပ်ဖြေဆေးဝယ်ယူရန်အတွက် အလှူငွေများ အသီးသီးပေးအပ်ကြရာ ကောက်ခံရရှိသော အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


စဉ်
အဖွဲ့ / အမည်
အလှူငွေ (S$)
မှတ်ချက်
ဦးချစ်ရွှေ
၅၀
MSDA
ဦးဝင်းမောင်
၅၀
MSDA
ဦးချစ်ကိုဖေ
၃၀
MSDA
ဦးသန့်ဇော်အောင်
၃၀
MSDA
ဦးရဲဒင်မိုး
၃၀
MSDA
Friends from Australia
၁၆၀
ကိုသိန်းသန်းဌေး
ဦးယုရှိန်
၅၀
19/3/2012
ထရေစီမေထွေးကြည်
၁၀၀
16/9/2012
ကိုမင်းမင်း မိသားစု
၃၀
 
၁၀
ကိုအောင်မိုး+မလွင်လွင်မိုး မိသားစု
၅၀
 
၁၁
ထားဝယ်မိသားစု
၆၀၀
 
၁၂
အောင်လံသုခိတာအသင်း
၆၀၀
 
၁၃
မြေလတ်မိသားစု (ပခုက္ကူ)
၂၅၀
 
၁၄
မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ)
၈၈၇
 
၁၅
Safe The Aged
 
ထပ်မံဆက်သွယ်ပါမည်။
၁၆
စနေဓမ္မမိတ်ဆွေများအဖွဲ့
 
ယနေ့ည လွှဲပေးမည်ဖြစ်ပါသည်။
၁၇
PSA မိသားစု
 
ထပ်မံဆက်သွယ်ပါမည်။
၁၈
ဗုဒ္ဓအလင်းရောင်ပါရမီဖြည့်အသင်း
 
ထပ်မံဆက်သွယ်ပါမည်။

 
၅။ တတိယအကြိမ် မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲကို ရန်ကုန်တွင် ပြုလုပ်မည့်ရက်အား နိုဝင်ဘာလ ပထမပတ်ဟု ခန့်မှန်းပါသည်။ ထို့ကြောင့် နောက်ထပ်ရရှိသော အလှူငွေများကို နိုဝင်ဘာလကုန်ထိ လက်ခံနိုင်ပါသည်။ အလှူငွေများကို ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်နီနီအောင်ထံသို့ Account Transfer ဖြင့်ပို့ပေးနိုင်ပါသည်။ Account No. ကို sms ပို့ပေးပါမည်။ ယခုကောက်ခံရရှိသော အလှူငွေများကို ယခုတစ်ပတ်အတွင်း မြန်မာပြည်သို့ ပို့ပေးမည် ဖြစ်ပါသည်။

 
၆။ ရရှိသော မြွေဆိပ်ဖြေဆေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စနေဓမ္မမိတ်ဆွေများအဖွဲ့ ဘလော့ဂ်တွင် တင်ပေးသွားပါမည်။  http://sanaydhammafriends.blogspot.sg/   သို့ဝင်ရောက်လည်ပတ်ကြရန် ဖြစ်ပါသည်။

 
၇။ ညနေ ၄ နာရီခွဲခန့်တွင် အခမ်းအနားကို ရုတ်သိမ်းပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကြပါသည်။

 
မှတ်တမ်းတင်သူ
ဦးအေးငြိမ်း

၇ - ၁၀ - ၂၀၁၂။ ည ၉ နာရီခွဲ